Monday, March 26, 2012

ဗီယက်နမ် - မြန်မာ သဘောတူညီမှု စာချုပ် ၁၁ ခုရေးထိုး

1. လွင်ပြင် | 6:01 AM | Best Blogger Tips


From :မြတ်မေဇင်
အတွဲ ၂၉ အမှတ် ၅၆၂ (၂၃ - ၂၉ ၂၀၁၂)
သုံးရက်ကြာ ဆွေးနွေးခဲ့သော ဗီယက်နမ်- မြန်မာရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု အခွင့်အလမ်းဆွေးနွေးပွဲကို ပြီးခဲ့သည့် သီတင်းပတ်က ရန်ကုန်မြို့ရှိ ပြည်ထောင် စုမြန်မာနိုင်ငံ ကုန်သည်နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တွင် ကျင်းပ ခဲ့ပြီး လုပ်ငန်းဆိုင်ရာ သဘော တူညီမှု စာချုပ် ၁၁ ခုကို ဗီယက်နမ်ကုမ္ပဏီနှင့် မြန်မာကုမ္ပဏီများအကြား အပြန်အလှန် လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

     

      နှစ်နိုင်ငံစီးပွားရေး အကျိုးတူပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်း ရှင်များတွေ့ဆုံနိုင်ရန် ကျင်းပခဲ့သော ယင်းဆွေးနွေးပွဲသို့ မြန်မာစီးပွားရေး လုပ်ငန်းရှင် ၁၂၀ ဦးနှင့် ဗီယက်နမ်စီးပွား ရေးလုပ်ငန်း ၅၁ ခုမှ လုပ်ငန်းရှင် ၈၀ တို့ တက်ရောက်ခဲ့ကြသည်။
"ကျွန်မအနေနဲ့ နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းလုပ်ဆောင်မှုကနေ တိုးတက်မှု တွေရလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အရင်ထဲကလည်း နှစ်နိုင်ငံကုန်သွယ် မှုတွေရှိပြီးသားပါ။ "မြန်မာနိုင်ငံရဲ့ အပြောင်းအလဲတွေ ထဲမှာ ကျွန်မတို့အနေနဲ့ ကုန်သွယ်မှုတွေကို ပိုမိုတိုးမြင့်ချင် တာပါ"ဟု ဟိုချီမင်း မြို့တော်ဒုတိယဥက္ကဋ္ဌ မစ္စနူယူသီဟွန်က ပြောသည်။
သဘောတူ စာချုပ် ၁၁ ခုတွင် ဆောက် လုပ်ရေးခရီးသွားလာရေး အလှကုန်နှင့် လူသုံးကုန်ပစ္စည်းစသည့် လုပ်ငန်းများ တွင် အကျိုးတူ ပူးပေါင်းဆောင်ရွက်ကြ ရန် သဘောတူညီခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
နှစ်နိုင်ငံကုန်သွယ်မှုပမာဏတွင် ယခု ဘဏ္ဍာနှစ်သည် ပြီးခဲ့သည့်လေးနှစ်ထက် ပိုမိုမြင့်မားခဲ့ပြီး လက်ရှိအချိန်အထိ ကန် ဒေါ်လာ ၂၇၀ မီလျံသို့ ရောက်ရှိခဲ့သည်။
ဗီယက်နမ်နိုင်ငံသည်မြန်မာနိုင်ငံ၏ ၁၃ နိုင်ငံမြောက် အကြီးဆုံးပို့ကုန်တင်ပို့ သောနိုင်ငံဖြစ်ပြီး မြန်နိုင်ငံမှာလည်း ဗီယက်နမ်နိုင်ငံ၏ ၁၁ နိုင်ငံမြောက် ပို့ကုန်တင်ပို့သောနိုင်ငံဖြစ်သည်။
မြန်မာနိုင်ငံမှ အဓိကတင်ပို့သော ကုန်ပစ္စည်းများမှာ ရော်ဘာသစ်တော ထွက်ပစ္စည်းများနှင့် သစ်များရေလုပ်ငန်း နှင့် လယ်ယာ ထွက်ကုန်ပစ္စည်းများ ဖြစ်သည်။
"မြန်မာနိုင်ငံကိုအခုမှ ရောက်တာပါ။ ကျွန်တော့လုပ်ငန်းအတွက် ထုတ်လုပ်မှု ဆိုင်ရာ အကျိုးတူပူးပေါင်းလုပ်ကိုင်နိုင် မယ့် စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံ ဖို့ပါ။ လက်ရှိမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဆိုင်ရာဥပဒေတွေ ပြင်ဆင်ရေးဆွဲနေ တာနဲ့ နိုင်ငံတကာနဲ့ ချိတ်ဆက်ထားတဲ့ ဘဏ်စနစ်တွေမရှိသေးတော့ လုပ်ငန်း လုပ်ဖို့ ကျွန်တော်တို့စဉ်းစားရဦးမယ်"ဟု PHONG THANH ကုန်ပစ္စည်း ထုတ်လုပ်ရေးနှင့် ကုန်သွယ်မှုလုပ်ငန်းမှ ညွှန်ကြားရေးမှူး မစ္စတာလီဖြိုအန်းမှ မြန်မာတိုင်း(မ်)သို့ ပြောသည်။

No comments:

Post a Comment