Tuesday, November 27, 2012

NLD ပါတီအတွင်း စိတ်ဝမ်းကွဲမှုနှင့် မကြေနပ်မှုများ ဖြစ်ပေါ်လျှက်ရှိ

1. လွင်ပြင် | 7:09 PM | Best Blogger Tips
    လူထုထောက်ခံမှုအများဆုံးရရှိထားသည့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီအတွင်း အကွဲအပြဲများ အချင်းချင်းတရားစွဲဆိုမှုများ အုပ်စုလိုက် နုတ်ထွက်မှုများ မကြာခဏဖြစ်ပွားနေကြောင်း တွေ့ရှိ ရသည်။ ယခင်က ၎င်းကဲ့သို့ ပြသနာမျိုး NLD ပါတီအတွင်း ဖြစ်ပွားလေ့မရှိသော်လည်း ကြားဖြတ်ရွေးကောက်ပွဲ အတွက် ပြည်သူ့ကိုယ်စားလှယ်များ ရွေးချယ်ရာမှ NLD အဖွဲ့အတွင်း အကွဲအပြဲများ စတင်ဖြစ်ပေါ်လာကြောင်း သိရသည်။        





အထူးသဖြင့် ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ ပညာတက်လူငယ်များကို ပွဲထုတ်လာသောအခါ ယခင် အစိုးရလက်ထက်တွင် ပါတီအတွက် အနှိပ်စက်ခံ၊ ထောင်ကျခံခဲ့ရသော ပါတီဝင်များက မကျေနပ်မှုများ ဖြစ်စေခဲ့သည်။ ထူးခြားသောဖြစ်စဉ်အဖြစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် ပုသိမ်မြို့တွင် NLD ပါတီဝင် (၂၀၀) ဦး စုပေါင်းနှုတ်ထွက်ခဲ့သည်။ ၎င်းဖြစ်စဉ်နောက်ပိုင်း အချို့နေရာများတွင် အုပ်စုလိုက်နှုတ်ထွက်မှုများ မကြာခဏဖြစ်ပွားလာသည်။

ယခုလ (၂၆ရက်နေ့က ရွှေပြည်သာမြို့နယ် အမှတ် (၁၆) ရပ်ကွက်မှ ရပ်ကျေးပါတီရုံးခန်းဖွင့်ထားသည့် နေအိမ်ပိုင်ရှင်ဖြစ်သူ စိုးကျော်ထွန်းမှ ၎င်းအပါအ၀င် ရပ်ကွက်အတွင်းရှိ NLD ပါတီဝင်များအားလုံး ပါတီဝင်အဖြစ်မှ နှုတ်ထွက်လိုက်ကြောင်း ပြောဆိုပြီး မြို့နယ် NLD ရုံးတွင် ပါတီဝင် ကဒ်ပြားများလာရောက် အပ်နှံခဲ့ကြောင်း သိရသည်။ ၎င်းတို့အကြောင်း ပြချက်မှာ NLD မြို့နယ်ညီလာခံသို့ တက်ရောက်ရမည့် ရပ်ကျေး ကိုယ်စားလှယ် ရွေးချယ်ခြင်းကို မကျေနပ်၍ ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ယခုလ (၂၆) ရက်နေ့တွင်ပင် မအူပင်မြို့နယ်တွင် NLD ပါတီဝင် ဒေါ်ဝင်းဝင်းတိုးမှ မအူပင်ခရိုင်၊ မြို့နယ် NLD ပါတီ ညီလာခံကျင်းပရေး ကော်မရှင်၏ လုပ်ဆောင်မှုများကို ကျေနပ်မှုမရှိသောကြောင့် ၎င်းဦးဆောင်၍ မြို့နယ်အတွင်းရှိ NLD ပါတီဝင် (၅၀၀) ခန့်ဖြင့် ကန့်ကွက်ဆန္ဒပြရန် စီစဉ်နေကြောင်း သိရသည်။ ထို့ပြင် ပြည်မြို့တွင်လည်း ပြည်မြို့နယ် NLD ပါတီမှ ခရိုင်ညီလာခံ ကျင်းပရေး ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဆန်းမှ NLD တိုင်းညီလာခံ ကျင်းပရေးအတွင်းရေးမှူး ဒေါက်တာ ခင်မောင်ဝင်းနှင့် NLD မြို့နယ် ညီလာခံကျင်းပရေး ကော်မရှင် ဥက္ကဌ စိုးဝင်းမောင် တို့နှစ်ဦးအား ပါတီရန်ပုံငွေ အလွဲသုံးစားလုပ်မှုနှင့် ပတ်သက်၍ တရားစွဲဆိုထား ကြောင်း သိရသည်။
ထို့အပြင် အမေရိကန် သမ္မတ၏ မြန်မာပြည်ခရီးစဉ်အတွင်း အမေရိကန် သမ္မတမှ ပါတီဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်အား နမ်းခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ ထားဝယ်မြို့နယ်မှ NLD ပါတီဝင်များမှ ဆန္ဒပြရန် ပြင်ဆင်လျက် ရှိကြောင်း သိရှိရသည်။

1 comment:

  1. Kissing on the cheek is a sign of fellowship and brotherhood, but kissing on the lips involved lust. Myanmar is too small while people making the world globe.

    ReplyDelete